27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ရင်သွေးငယ် သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ရင်သွေးငယ် သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မုံရွာမြို့ Ocean center အနီး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ပလောင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကူးတို့ကုန်းရွာတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရင်သွေးငယ် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ၄ လုံးပစ်တာ ၂ လုံးက ပလောင်ရွာထဲကိုကျပြီး ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ကလေးကတော့ အဖတ်မတင်ဘူး သေဆုံးသွားတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ ဆိုသလို မြစ်အနောက်ဘက်ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခက်တာတွေရှိနေပါတယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article