ရန်ကုန်၊ ဩဂုတ် ၁၅
မကွေးတိုင်း၊ နတ်မောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပန်းညိုရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၆ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်ရှိ ကန်လေးကုန်းရွာမှ ပန်းညိုရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ တော်လှန်ရေး ရဲဘော်များက ပန်းညိုကျေးရွာ သင်္ချိုင်းကုန်း အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“စစ်ခွေး အထိအခိုက် အကျဆုံး အတိအကျ မသိရသေးပါဘူး။ ကျွန်တော်တို့ OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု က ရဲဘော်တွေ အားလုံး အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar