27 C
Yangon

တောင်ကိုရီးယား၊ ဘူဖျောင်းမြို့နယ် ရဲစခန်းနှင့် NUG ကိုယ်စားလှယ်တွေ့ဆုံ၍ ဗီဇာရက်လွန်နေထိုင်သူများကို ကူညီရေးနှင့် ရဲအယောင် ဆောင် ခြိမ်းခြောက်ခံရမှု တားဆီးရေး ဆွေးနွေး

Must read

တောင်ကိုရီးယား၊ ဘူဖျောင်းမြို့နယ် ရဲစခန်းနှင့် NUG ကိုယ်စားလှယ်တွေ့ဆုံ၍ ဗီဇာရက်လွန်နေထိုင်သူများကို ကူညီရေးနှင့် ရဲအယောင် ဆောင် ခြိမ်းခြောက်ခံရမှု တားဆီးရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၈

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ရှိ စခန်းမှူးအပါအဝင် ရဲစခန်းတာဝန်ရှိသူများနှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံ၍ ဗီဇာရက်လွန်နေထိုင်နေသူများ၏ နစ်နာမှုများအတွက် အခက်အခဲများ ကူညီရေးနှင့် ရဲအယောင်ဆောင် ခြိမ်းခြောက်ခံရမှုများ တားဆီးရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ NUG ရုံးက သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘူဖျောင်းမြို့ ရဲစခန်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘူဖျောင်းမြို့သည် တရားဝင် သတ်မှတ်မထားသော်လည်း Myanmar Town တစ်ခုသဖွယ်ဖြစ်နေကာ မြန်မာများ အခြေချကျင်လည်သည်ကို ကြိုဆိုကြောင်း၊ မြန်မာများ၏ အခြေအနေကို သိရှိ၍ မြန်မာများ စည်းကမ်းတကျနှင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး ကူညီလိုကောင်း ဘူဖျောင်းမြို့နယ် ရဲစခန်း၏ စခန်းမှူး ဂင်ဂီဆုက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာအသိုက်အဝန်းကိုယ်စားလှယ်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုရီးယားသမ္မတဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များ၊ မြန်မာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာလုပ်ငန်းရှင်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုပြင် ကိုရီးယားတွင် အဖြစ်များနေသည့် ငွေကြေးလိမ်လည်မှု၊ ပြစ်မှုကျူးလွန်ရာတွင် ကြားခံအဖြစ် ခိုင်းစေမှု၊ ရဲအယောင်ဆောင်ခြိမ်းခြောက်မှုများကို သတိပြုကြရန်၊ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက 112 သို့ ဆက်သွယ်ရန် ရဲစခန်းတာဝန်ရှိသူများက ရှင်းလင်းခဲ့ကြပြီး မြန်မာကိုယ်စားလှယ်များဘက်မှ ဦးရန်နိုင်ထွန်းက ဘူဖျောင်းမြို့တွင် မြန်မာအများ သွားလာနေရာဖြစ်၍ ရဲတပ်ဖွဲ့အနေနှင့် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် ဗီဇာရက်လွန်ဖြစ်နေသူများကို အလျှင်စလို အရေးယူမှုမလုပ်ဘဲ ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဆွေးနွေးမှုတွင် ဘူဖျောင်းရဲစခန်းက ကြီးလေးသည့် နစ်နာမှုရှိသူသည် ဗီဇာရက်လွန်သော်လည်း ရဲတပ်ဖွဲ့၏ အကူအညီရယူနိုင်ပြီး ရဲအယောင်ဆောင်သည့် ကိစ္စအတွက် နီးစပ်ရာ ရဲစခန်းတွင် သွားရောက် မေးမြန်းစစ်ဆေး အတည်ပြုနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း ၊ ထို့ပြင် ရဲတပ်ဖွဲ့နှင့် မြန်မာကိုယ်စားလှယ်များ စုပေါင်း၍ ဘူဖျောင်းမြို့နယ် မြန်မာရွာအတွင်း အေးချမ်း လုံခြုံ သန့်ရှင်း စည်းကမ်းရှိရေး နှိုးဆော်သည့် ကင်ပိန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article