ရန်ကုန်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် အမှိုက်ကောက်နေသည့် အမျိုးသား ၁ ဦး ခလရ ၄၁ တပ်ရင်းက ထောင်ထားသော မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လားရှိုးမြို့၌ ခလရ ၄၁ တပ်ရင်း အပြင်ဘက် အမှိုက်ပုံးရာတွင် အမျိုးသား ၁ ဦး အမှိုက်ကောက်နေစဉ် ယခင် နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း မှားယွင်းနင်းမိခဲ့သောကြောင့် ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူကို ဒေသပြည်သူများက တွေ့ရှိပြီးနောက် သက်ဆိုင်ရာဌာနကို ချက်ခြင်း သတင်းပို့ခဲ့ပြီး ဒဏ်ရာရရှိသူကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့၍ ယခုဒဏ်ရာရရှိသူသည် အန္တရာယ် မှ ကင်းလွတ်သွားကြောင်း သိရှိရသည်။
တပ်ဇုန် အပြင်ဘက်ရှိ လူနေရပ်ကွက်များတွင် မြေမြှုပ်မိုင်းအများအပြား ချထားခြင်းသည် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ တသမတ်တည်းသော လုပ်ဆောင်ချက်ဖြစ်ပြီး ယခုတစ်ကြိမ် မိုင်းထိမိသည့်နေရာသည် ဒေသပြည်သူများ မကြာခဏ ရွှေ့ပြောင်းသွားလာနေရသော နေရာဖြစ်ပြီး ယခုကဲ့သို့ မိုင်းနင်းမိခြင်းကြောင့် မတော်တဆ ဖြစ်ရပ်များသည် ပြည်သူများ၏ လုံခြုံရေးကို ဂရုမစိုက်ဘဲ မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်ရပ်များ နိုင်ငံအနှံ့ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယခင် အာဏာသိမ်းတပ်၏ နယ်မြေအနီးကို မပြောင်းရွှေ့ မသွားလာကြရန်နှင့် တပ်စခန်းအတွင်းကို မ၀င်ကြရန် MNDAA က သတိပေးထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar