26 C
Yangon

ဂန့်ဂေါမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ပေါ် စစ်ကောင်စီတပ် ခ.လ.ရ ၅၀ က စက်တင်ဘာ ၂၈ ရက်နေ့မှာ လက် နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဂန့်ဂေါမြို့အနောက်ဘက် စိန်ဒူးကျေးရွာက အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မုံလည်တောရဘုန်းကြီး ကျောင်းဝင်းတွင်းက ကားတစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဂန့်ဂေါမြို့ ဒေသခံတွေဆီက သိရပါတယ်။၏

“ခြေသလုံး၊ ခြေဖမိုးတွေကို လက်နက်ကြီးစစင်တာ။ အဲ့ဒါက မနေ့က မနက်ပိုင်း ၁၀:၃၀ လောက်ထုတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက် ကြီးကျည် အိမ်ဝင်းထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

စိန်ဒူးကျေးရွာဟာ ဂန့်ဂေါမြို့အနောက်မြောက်ဘက်မှာရှိပြီး ဂန့်ဂေါမြို့ထွက်မှာရှိတဲ့ ခ.လ.ရ ၅၀ တပ်နဲ့ နှစ်မိုင်ဝန်းကျင်လောက်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေကြောင့် မကြာမကြာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာလည်းဖြစ်တယ်လို့သိရပါတယ်။

ဂန့်ဂေါမြို့ပေါ် ခ.လ.ရ ၅၀ တပ်ရင်းက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဂန့်ဂေါမြို့နယ်၊စိုင်ဒူးကျေးရွာက အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာပဲ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဂန့်ဂေါမြို့အနောက်ဘက် မုံလယ်တောရ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘုန်းကြီးကား မှန်တွေကွဲပျက်စီးသွားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ မုံလယ်တောရကျောင်းဟာ ယောဒေသမှာ နာမည်ကြီးတရားရိပ်သာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီတပ်ဟာ မြို့ထဲမှာရော၊ မြို့ဝင်မှာပါ စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ်လုပ်လေ့ရှိပြီး မြို့ထဲကနေ မြို့ပြင်ကို ငါးပိတစ်ဘူးကစ ယူဆောင်ခွင့်မပြုဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီက ဒီလိုပိတ်ဆို့မှုတွေကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဂန့်ဂေါမြို့ပေါ်ကို ကုန်ကားတွေဝင်ရောက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ဂန့်ဂေါမြို့ပေါ်ကိုသာ စစ်ကောင်စီတပ်က စိုးမိုးနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ဒေသခံကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးထားတယ်လို့သိရပါတယ်။ ဂန့်ဂေါမြို့ပေါ်စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့ပတ်လည် ၅ မိုင်အကွာဝန်းကျင်က ကျေးရွာတွေဟာ မကြာမကြာတိမ်းရှောင်ကြရလေ့ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကတော့ ဒေသခံ ခရိုင်တပ်ရင်းက ဂန့်ဂေါခရိုင်ရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article