27 C
Yangon

ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် လိုက်ပါ လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် လိုက်ပါ လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဇဟာရွာကို (VIGO) ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီတပ် သား ၇ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ကားမှန်များကြေမွပြီး ရပ်တန့်မှုမရှိဘဲ မောင်းပြေး သွားကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ ၊ က္လားသစ္ဆတ် (ကျားသစ်နက်) နှင့် Eastem Defense Force (EDF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article