24 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ် အောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ဖြတ်သန်းရာ လမ်းတလျောက်ကို လိုက်လံ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို ဦးတည်ပြီး လက်နက်ကြီးနှင့် ဒရုန်း အမြောက်အများ အသုံးပြုကာ ကျဲချ တိုက်ခိုက်နေ၍ ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက မနေ့က မနေ့ကတည်းကနေ အခုထိ တောက်လျှောက်ဖြစ်နေတယ်။ စစ်ခွေး အင်အားက ၁၅၀ လောက် ရှိတယ်။ သူတို့ဘက်က လက်နက်ကြီး နဲ့ Drone တွေ တော်တော်များများ အသုံးပြုတယ်။ Drone တွေနဲ့ ရွာတွေကို ဗုံးသီးချ တိုက်ခိုက်လို့ ကျေးရွာ ၅ ရွာမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ မနေ့က ညပိုင်းကတော့ စစ်ခွေး စစ်ကြောင်းကတော့ ညင်းမော်ဘုန်းကြီး ကျောင်းမှာ ညအိပ်တယ်။ ဒီနေ့ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး သွားနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article