30 C
Yangon

ဘော်စတွန်မြို့တွင် NUG ဝန်ကြီးများနှင့် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများ တွေ့ဆုံ

Must read

ဘော်စတွန်မြို့တွင် NUG ဝန်ကြီးများနှင့် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများ တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရဝန်ကြီးများဖြစ်ကြသော ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် အောက်တိုဘာလ ၁၉ရက်နေ့ ညနေပိုင်းက မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် နွေဦးတော်လှန်ရေးကိုအမြဲထောက်ပို့ ကူညီနေကြသော တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးဆိုင်ရာကိစ္စ ဖြစ်ပေါ်တိုးတက်မှုများ ကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့မှုများကိုရှင်းလင်းတင်ပြခဲ့ပြီး

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်အာဏာရှင်နှင့်အပေါင်းအပါမျာကို ခုခံတော်လှန်စစ်ဆင်နွှဲနေရသည့် အခြေအနေများကို ရှင်းလင်းပြောဆိုသည်။

ပြည်သူလုထုတရပ်လုံးတော်လှန်နေသော တရားသောတော်လှန်စစ်အောင်မြင်ရမည့်အကြောင်း၊ ကမ္ဘာတဝှမ်းရှိမြန်မာနိုင်ငံသားအများအပြား တက်တက်ကြွကြွထောက်ပို့နေမှုများကိုလည်း NUG အစိုးရ တာဝန်ရှိသူများက ရှင်းလင်းပြောဆိုကြသည်။

အဆိုပါပွဲသို့ ဘော်စတွန်နှင့်အနီးတဝိုက်ပြည်နယ်များမှ တိုင်းရင်းသားညီအကိုမောင်နှမများ ကျောင်းသားကျောင်းသူများ ထောက်ပို့ပြည်သူများ အများအပြားတက်​ရောက်ခဲ့ကြပြီး မေခွန်းများအပြန်အလှန် မေးမြန်းကာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article