33 C
Yangon

ဖာပွန်တွင် အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ထွက်ပြေးသူများလည်း များပြား၊ လက်နက်ခဲယမ်းအမြောက်အမြားနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ တောက်လျှောက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးကြကြောင်း၊ ယနေ့တွင် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ရာတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်ငစီတပ်ဘက်မှ သေဆုံးသူများရှိသကဲ့သို့ သိရှိရသည်။

“ထွက်ပြေးသွားတာရှိတယ်။ သေတာလည်းရှိတယ်။ အရှင်မိတာလည်းရှိတယ်။ လက်နက်ခဲယမ်းတွေရတာ များတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ဖာပွန်ဗျူဟာတပ်စခန်းကြီးတစ်ခုသာ အဓိက ကျန်ရစ်တော့ပြီး ကျန်စခန်းများမှာ စခန်းငယ်များ ဖြစ်ကြောင်း၊ ဖာပွန်ပျူဟာကို သိမ်းပိုက်ရရှိလျှင် ဖာပွန်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article