27 C
Yangon

တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီနှင့်လူမျိုးစု အရေး ရုပ်ပြ၍ စစ်ဘုရင်ဝါဒအသက်သွင်းသူများ၊ မူးယစ်ဆေးဝါး၊ မှောင်ခိုနှင့်တရားမဝင်လုပ်ငန်း လု ပ်ဆောင်သူများဖြစ်၍ “ကျားသေကို အသက်ပြန်မသွင်းရန်” မင်းအောင်လှိုင်က တရုတ်ကို ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီ အရေး ရုပ်ပြ၍ စစ်ဘုရင်ဝါဒအသက်သွင်းသူများ၊ မူးယစ်ဆေးဝါး၊ မှောင်ခိုနှင့်တရားမဝင်လုပ်ငန်း လုပ်ဆောင်သူများဖြစ်၍ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင်များက ငြိမ်းချမ်းရေး ကမ်းလှမ်းချက်နှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြု၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

နယ်စပ်ဒေသများမှ လက်နက်ကိုင်များသည် ယခင်အတိတ်ကာလက မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့်တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သူများ ဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့်အရေးများကို ရုပ်ပြ အဖြစ် အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည် အသက်သွင်းနေသည်ကို မြင်တွေ့ရကြောင်း၊ ကျားသေကို အသက်ပြန်အသက်မသွင်းမိကြစေဖို့ ပြောလိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

လက်ရှိတွင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လက်လွှတ်ထားရသော နယ်မြေများကို ပြန် လည်ရရှိရေး ရန်နိုင်မင်း စစ်ဆင်ရေးကို စက်တင် ဘာလ ၁ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ပြီး ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article