28 C
Yangon

အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ကို ညသန်းခေါင်ကျော် အချိန် လေယာဉ်ဖြင့် ဗုံးကျဲချမှု ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ်များပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ကို ညသန်းခေါင်ကျော် အချိန် စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ်တွေပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ၊ နံနက် ၂ နာရီကျော်အချိန် ၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီအချိန်တို့တွင် စစ်ကောင်စီ၏ လေယာဥ်များက မင်းတပ်မြို့ပေါ်သို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ကျဲချသည့်ဗုံးများသည် ပေါင် ၅၀၀ ဗုံးများဖြစ်ပြီး ၂ ရက်ဆက်တိုက် ကျဲချခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဗုံးကျဲမှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ် Hkl – Mindat ကသတင်းထုတ် ပြန်သည်။

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သည့်အချိန်မှာ ညသန်းခေါင်နှင့် နံနက်အစောပိုင်းအချိန်များဖြစ်ပြီး ဗုံးကျဲမှုအပြင် လေယာဉ်ပေါ်မှ စက် သေနတ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်အချိန်၊ အောက်တိုဘာ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီကျော်အချိန်အထိ လေယာဉ်ဖြင့် ဗုံး အလုံး ၇၀ ကျော် ကျဲချခဲ့ပြီး အောက်တိုဘာလအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို ၇၇ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလနှင့် ဩဂုတ်လအတွင်းတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF- Mindatက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြိုကျပျက်စီးနေသော လူနေအိမ်နှင့် အဆောက်အအုံ အပျက်အစီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article