ရန်ကုန်၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောပုရွာနှင့် ညောင်ဖြူပင်ရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုင်သေဆုံးမှုရှိကြောင်း 5/Commando Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်မှ ၉ နာရီခန့်အထိ တောပုရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်နှင့် စစ်ကောင်စီ တပ်သားများ နေထိုင်သော နေအိမ်များကို ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညောင်ဖြူပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို ဆက်လက် အတည်ပြုနေကြောင်း သိရှိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုတော့ ရှိပေမယ့် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ နေအိမ်တွေ ထိခိုက် ပျက်စီးမှုတော့ ရှိတယ်။ ပျူစောထီး ခေါင်းဆောင် ထိန်လင်း အိမ်ပေါ် ရယ် ရိက္ခာ ဂိုထောင်ရယ် ပျူစစ်ကြောင်းခေါင်းဆောင် ချစ်သဲ နေအိမ်ပေါ်တွေတော့ ဒရုန်းဗုံးသီးတွေ ကျရောက် ပေါက်ကွဲတယ်။ ကျန်တော်တို့ ၁၅ ရက်လောက် ကြိုတင်ပြင်ဆင်ပြီး ၂ ရက်ဆက် တိုက်ခဲ့တာပါ။ တောပုရွာကို တိုက်ခိုက်နေတုန်း မအူဂိတ်ကနေ စစ်ခွေးတွေက လက်နက်ကြီးပစ်ကူ ပေးလို့ ပြန်ဆုတ်ပြီး ညောင်ဖြူပင် အထိုင်စခန်းကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်း ၂ စီးတော့ ပျက်စီးခဲ့ပါတယ်။ ပစ္စည်းကတော့ မဆုံးရှုံးခဲ့ပါဘူး” ဟု 5/ Commando Force အဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2 ၊ ChinDwin fighter group (C.F.G) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force ၊ မုံရွာခရိုင်တပ်ရင်း (၂၃ )တပ်ခွဲ( ၅) Midlane New Generation Defence Force နှင့် ဆားလင်းကြီးဒရုန်းအဖွဲ့များ အပါအဝင် ဒရုန်းမဟာမိတ် ညီနောင်များစွာတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar