34 C
Yangon

တောင်ငူမြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက် ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ တောင်ငူမြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီခန့်မှစတင်၍ တောင်ငူမြို့နယ်၊ အိုင်စောက်ရွာ၊ ကမ်းနီရွာ၊ ကရင်နီကုန်းရွာ၊ သက်ကယ်ကျင်းရွာနှင့် ညောင်စခန်းကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်၊ အမြောက်တပ်နှင့် အိုင်စောင့်ကျေးရွာ၌အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းသီးပင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်ဖက်ပစ်ခတ်မှုဖြစ်တာပေါ့၊ ဖြစ်တာက တောင်ငူ အိုင်စောင့် သက်ကယ်ကျင်း၊ကရင်နီကုန်း၊ ကမ်း နီ၊ ညောင်စခန်းအဲဒီဘက်တွေဖြစ်တာ၊ လက်နက်ကြီးကျတာကတော့ ကရင်နီကုန်းတို့ သက်ကယ် ကျင်းတို့ကို ပစ်နေတာ၊ ဘယ်ဘက်ကပစ်တာလဲတော့ မသိဘူး။ အသံတွေတော့ ကြားနေရတယ်။ ပစ်တော့ပစ်နေကြတာပဲ။ နှစ်ဖက်တိုက်ပွဲဖြစ်တာလို့ ယူဆတယ်။ ပစ်ခတ်တဲ့ လက်နက်ကြီး တစ်ချို့ က ကွမ်းသီးပင်နဲ့ ညောင်စခန်းကိုကျတယ်၊ ညောင်စခန်းကတော့ လယ်ကွင်း ထဲကျတယ်။ ကွမ်းသီး ပင်မှာတော့အိမ် ပေါ်ကျတာကြောင့်မလို့ လူ ၄ ယောက်ထိတယ်။ သေတာတော့မရှိဘူး။ ထိခိုက်ဒဏ် ရာ ရတာပဲရှိတယ်။ ၄ ယောက်မှာ ၂ ယောက်ကတော့ ကျနော်တို့နဲ့ မတူတဲ့လမ်းကနေသွားတယ်၊ ဘယ်ဘက်ကိုသွားလဲ မသိဘူး။ ကျန်တဲ့နှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ ကွဲထွက်လို့ ဆေးရုံပို့ ထားတယ်။ တစ်ယောက်ကတော့ ပွန်းပဲ့ရုံလောက်ပဲဆိုတော့ မလိုအပ်ဘူး။ဟိုဘက်တွေမှာတော့ ဘယ်လောက်ဖြစ်လဲ မသိဘူး။” ဟု ကူညီကယ်ဆယ်ရေး လုပ် ဆောင်နေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တောင်ငူမြို့နယ်၊ အိုင်စောင့်ကျေးရွာ၌ စခန်းအထိုင်ချသည့် ပြည်သူ လူထုနေထိုင်ရာကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်းရှိကြောင်း၊ ထို့ကြောင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ် ကြောင်း၊ အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများမှာ သင့်တော်ရာနေရာများနှင့်ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“အဲဒီနားတွေမှာက စစ်တပ်စခန်းထိုင်တာတွေရှိတယ်။ မရှိရင်လည်း အတည်မဟုတ်ရင်တောင် သူ တို့ စစ်ရေးဗျူဟာသဘောအရလာကြတာနေမှာပေါ့။ အခုလည်း အိုင်စောက်မှာတော့ တပ်ထိုင်ကြ တယ်ပြောတယ်။ ပစ်တာကတော့ လေတပ်ဘက်ကပစ်တယ်ထင်ပါတယ်။ လေတပ်တို့ အမြောက် တပ်တို့ရှိတာကိုး၊ အဲဒီဘက်ကလှမ်းပစ်တာထင်တယ်။ အိုင်စောက်ဘက်ကလည်း လက်နက်ကြီးတွေ ယူပြီး တော့ ပစ်တယ်လို့သိရတယ်။ ဟိုဘက်ဒီဘက်နှစ်ဖက်ပစ်တယ်လို့ယူဆတယ်။” ဟု ကူညီကယ် ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article