25 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တချို့နိုင်ငံများက နေရာပေးနေမှု ယုတ္တိမရှိသော လုပ်ဆောင်ချက်ဖြစ်ပြီး ကုလသမဂ္ဂက စကားလုံး၊ ကတိကဝတ်များနှင့်အညီ မြန်မာနိုင်ငံကိစ္စ အရေးယူရန် လိုအပ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တချို့နိုင်ငံများက နေရာပေးနေမှုမှာ အင်မတန် ယုတ္တိမရှိသော လုပ်ဆောင် ချက်ဖြစ်ပြီး ကုလသမဂ္ဂအနေဖြင်လ့ည်း မြန်မာ့အရေးအတွက် စကားလုံး၊ ကတိကဝတ်များနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့တွင် Irrawaddy Policy Exchange (IPE) က ကမကထပြုသော International Institute of Social Studies (ISS) ၏ “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အချို့သောနိုင်ငံများအနေဖြင့် စစ်ကောင်စီမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား နေရာပေးလျက်ရှိကြောင်း၊ ယင်းမှာ အင်မ တန် ယုတ္တိမရှိသော လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ကျင့်ဝတ်ပိုင်းအရဖြစ်စေ၊ တရားဝင်မှုအရဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင် သော အခွင့်အာဏာ မည်သို့မျှ မရှိကြောင်း၊ ၎င်းတို့လက်အောက်၌ ကျင်းပသည့် မည်သည့် ရွေး ကောက်ပွဲမဆို ဒီမိုကရေစီစံနှုန်းအပေါ် အခြေခံသည့် လွတ်လပ်၍ မျှတသော အားလုံးပါဝင် သည့် ရွေးကောက်ပွဲဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ယင်းအစား ပဋိပက္ခများနှင့် ပြည်သူများ၏ ဒုက္ခတို့ကိုသာ ရှည်ကြာစေမည်သာဖြစ်ကြောင်း သံအမတ်ကြီးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုသည်။

မြန်မာပြည်သူများအနေဖြင့် ယင်းသို့သော အတုအယောင် ရွေးကောက်ပွဲကို အတိအလင်း ငြင်းဆန်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်လည်း ပြည်သူများ ၏ ဆန္ဒနှင့် မျှော်မှန်းချက်တို့အပေါ် အခြေခံ၍ အလားတူ လုပ်ဆောင်ပေးရန် မေတ္တာ ရပ်ခံလိုပါကြောင်း၊ မြန်မာ့အရေးသည် ရှုပ်ထွေးသည်ကို မငြင်းဆန်ပါကြောင်း၊ သို့သော် ယင်းအချက်က နိုင်ငံတကာ အသိုက် အဝန်းမှ မြန်မာ ပြဿနာကို ဖြေရှင်းပေးမည့်အပေါ် အတားအဆီးမဖြစ်သင့်ကြောင်း၊NUG ဖြင့်လည်း အတူလက်တွဲပူးပေါင်းဆောင်ရွက်ပါက ရိုဟင်ဂျာအကျပ်အတည်း အပါအဝင် မြန်မာ့အရေးကိစ္စကို ပြည့်ပြည့်ဝဝနှင့် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စကားလုံးများနှင့် ကတိကဝတ်များနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုက ကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အား အကောင် အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့မြင်နေရကြောင်း၊ သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် ယခုနှစ်အတွင်း လူ့အခွင့်အရေးကောင်စီတွင် အတည်ပြုခဲ့ သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ကောင်းမွန်စွာ အသုံးချ၍ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာ ဖော်ဆောင်သင့်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

ထို့ပြင် အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ရာတွင်လည်း တိုးတက်မှုမရှိကြောင်း၊ အထူးသဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ လုပ် ဆောင်ချက်များသည် စစ်အုပ်စု ကို သက်ဆိုးရှည်စေပြီး ပြည်သူများအအပေါ် ပိုမို ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်ရန် ခွင့်ပြုနေခြင်းဖြစ်သည်ဟုသိမြင်ကာ ယင်းပံ့ပိုးမှုများအား ရပ်တန့်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်း ချမ်း ရေးနှင့် လုံခြုံရေးတို့အား ထိန်းသိမ်းကာကွယ် ရန်တာဝန်ရှိသော လုံခြုံရေးကောင်စီ တို့၏ အကူအညီကို အထူးလိုအပ်ပါကြောင်း၊ စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအား ကြိုးပမ်းရာတွင် နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီပေးရန် သံအမတ်ကြီးကတိုက်တွန်းတောင်း ဆိုသည်။

ဓာတ်ပုံ – နိုဝင်ဘာလ ၅ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသော သံအမတ်ကြီး ဦးကျော်မိုးထွန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နိုဝင်ဘာလ ၅ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသော သံအမတ်ကြီး ဦးကျော်မိုးထွန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article