28 C
Yangon

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် စစ်တပ်ထောက်ခံသူ မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေး ဖောက်ခွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow က သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ရန်ကင်းမြိုနယ် ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေးသော အနုပညာရှင်အမည်ခံ မင်းသား ရန်အောင်၏နေအိမ် ကို Dark Shadow တပ်ဖွဲ့က ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အနုပညာရှင် အမည်ခံ ရန်အောင်အနေဖြင့် ပြည်သူများကို နေ့စဉ် ဒုက္ခပေးနေသော စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဖြစ်၍ ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် နေအိမ်ကိုပြင်းအားပျော့မိုင်းအသုံးပြု၍သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

အလားတူ စစ်တပ်နှင့် စစ်ခေါင်းဆောင်များကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဆိုသူများကိုလည်း သတိပေးလိုကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်တပ်၊ ရဲ၊ ပျူစောထီးများ၊ အရပ် ဝတ်စစ်သားများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြရန် Dark Shadow က ဆက်လက် သတိပေးသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ ပြန်လာသော အကြမ်းဖက် မင်းအောင်လှိုင်ကို ဒါရိုက်တာ စင်ရော်မောင်မောင်၊ ခန့်စည်သူ၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး ၊ ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင် စသည့် စစ်တပ်ဘက်တော်သားများက နေပြည်တော်လေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article