26 C
Yangon

မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ စစ်တပ်၏ ကင်းထောက်ဒရုန်းတချို့ကို ပစ်ချ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာဘက်သို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ထက် မနည်းမသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်မှစ၍ မြင်းခြံမြို့နယ်အတွင်းရှိ Myingyan Black Tiger (MBT)- မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း စစ်ကြောင်း ၃ နယ်မြေ အတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် စတင်တိုက်ခိုက်ပြီး မြေပြင်မှ အင်အား အများအပြားဖြင့် ထိုးစစ် ဆင် တိုက်ခိုက်လာကြောင်း၊ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်ကြာဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတိုက်ပွဲအ တွင်း အကြမ်းဖက်စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အခုထိ နှစ်ဖက် တည်ထားတုန်း၊ သူတို့လည်း မဆုတ်သေးဘူး။ ဒရုန်းက ၂ စီးပစ်ချနိုင်ခဲ့တယ်၊ တိုက် ခိုက်ရေးဒရုန်း ၁ စီး၊ ရှေ့ကင်းထောက်ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့တာ၊ တစ်စီးတော့ ရထားပြီ၊ တစ်စီး က ရှာနေတာ မတွေ့သေးဘူး။ ဒီစစ်ပွဲမှာ ပြည်သူတွေ အသတ်ခံရတာရှိတယ်။ ကူရွာထဲက ၃ ယောက် နဲ့ ကွမ်းစိုက်ထဲက ၁ ယောက်အသတ်ခံရတာရှိတယ်။ ပြည်သူတွေအနေနဲ့ စစ်ပွဲဖြစ်ရင် စစ်ပွဲဖြစ်တဲ့နေရာကနေ အဝေးဆုံးကို ရှောင်ထွက်နေပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြီးတော့ ကျနော်တို့ MBT တပ်ဖွဲ့က လုပ်နေတဲ့ End Point ကမ်ပိန်းဆိုရင် ၅၀ ရာခိုင်နှုန်းကျော်ပဲ ရရှိသေးလို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

၃ ရက်တာကာလ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ဗုံးသီး အလုံးပေါင်း ၁၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ပြီး MBT တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများနှင့် ဒဏ် ရာရရှိသူများကို ကားများဖြင့် မြင်းခြံဆေးရုံသို့ သယ်ဆောင်သွားကြောင်းနှင့် ပြင်းထန်ဒဏ်ရာရ ပျူစောထီး ၂ ဦးကို မိထ္တီလာဆေးရုံသို့ ဆက်လက်သယ်ဆောင်သွားကြောင်း သိရသည်။

MBT တပ်ဖွဲ့အနေဖြင့် ခဲယမ်းပြတ်တောက်မှု ဖြစ်ပေါ်လာသောကြောင့် ပထမ ခုခံစစ်ဖြစ်သည့် ကွမ်း စိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရပြီး ယခုလက်ရှိ အချိန်အထိနှစ်ဘက်စစ်ရေး တင်းမာနေဆဲဖြစ် ကြောင်း၊ အကြမ်းဖက်စစ်သားများသည် ကူရွာကျေးရွာမှ ပြည်သူ ၃ ဦးနှင့် ကွမ်းစိုက်ကျေးရွာမှ ပြည် သူ ၁ ဦး တို့အား သတ်ဖြတ်ကာ ကွမ်းစိုက်ကျေးရွာမှ နေအိမ်များကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သိမ်းဆည်းရရှိသော အကြမ်းဖက်စစ်တပ်၏ ကင်းထောက် ဒရုန်းငယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သိမ်းဆည်းရရှိသော အကြမ်းဖက်စစ်တပ်၏ ကင်းထောက် ဒရုန်းငယ်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article