28 C
Yangon

ဘုတလင်တွင် ပြည်သူ ၅၃ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ကြပ် ဇော်ဝင်းအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ ၅၃ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတပ်ကြပ် ဇော်ဝင်းအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြားကြောင်း Ba Thu Kyawal Coulmn တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဘုတလင်မြို့မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ထွက်လာသော ပြည်သူ ၅၃ ဦးကို ဓားစာခံ အဖြစ်ဆီးထားသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ဇော်ဝင်းအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဒုတပ်ကြပ်ဇော်ဝင်းအောင် သေတာကိုတော့ တပ်တွင်း အရင်းမြစ်က အတည်ပြုလို့ သိရတာပါ၊ ကျန်တာတော့ လမ်းပေါ်မှာလဲသွားတာတွေပဲ မျက်မြင်ဖြစ်ပါတယ်။ သီးခြားတော့အတိမပြုနိုင်သေးပါဘူး။ ပြည်သူတွေကိုပဲမှာ ချင်ပါတယ်။ စစ်ရေးသတင်းကို အမြဲနားစွင့်ပြီး ကြိုတင်ရှောင်တိမ်းနိုင်အောင်လုပ်ကျပါ။ မိမိအသက်ထက် အရေးကြီးတာ ဘာမှမရှိဘူးလို့ နောက်နောင် အခုလိုဓားစာခံအဖြစ် အဖမ်းဆီး မခံရအောင် ဂရုစိုက်ကျပါ အားတင်းထားကျပါ” ဟု Ba Thu Kyawal Coulmn တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာခရိုင် အမှတ် ၉ တပ်ရင်း၏ တပ်ရင်းရုံးစစ်ကြောင်းနှင့် Ba Thu Kyawal Coulmn တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသည့် ပြည်သူ ၅၃ ဦးသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article