33 C
Yangon

ကလေးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေပြီး ဓာတ်ဆီရရန် ပြည်သူများ ကြိတ်ကြိတ်တိုး လုယက်ဝယ်ယူနေရ၊ မှောင်ခိုစျေးကွက်တွင် ဓာတ်ဆီတစ်ဂါလန် ငွေကျပ် ၄၀၀၀၀ နီးပါးရောက်ရှိလာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး စက်သုံးဆီရရှိရန် ပြည်သူများမှာ စက်သုံးဆီများတွင် ကြိတ်ကြိတ်တိုး လုယက်ဝယ်ယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု နိုဝင်ဘာလ တတိယအပတ်မှစတင်ပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်း ကလေးမြို့နယ်သို့ စက်သုံးဆီများ ချမပေးတော့ကြောင်း၊ အဓိက အားဖြင့် တော်လှန်ရေးတပ်များ စိုးမိုးသော နယ်မြေများသို့ စစ်တပ်က စက်သုံးဆီများ စတင်ဖြတ်တောက်နေသည့်အတွက် ကလေးမြို့နယ်တွင်လည်း စက်သုံးဆီများ ထပ်မဝင်တော့ဘဲ အလုအယက် ကြိတ်တိုးဝယ်ယူနေရကြောင်း သိရှိရသည်။

“မနေ့ကတည်းက ဆီဆိုင်တွေမှာ ကြိတ်ကြိတ်တိုးဝယ်နေရတာ။ ဆီတွေ ချမပေးတော့ဘူးဆိုတော့လည်း ဆီဆိုင်တွေက ပြောတယ်။ ဆီဆိုင်တွေမှာ အလုအယက်ဝယ်နေရတယ်” ဟု ကလေးမြို့မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ ကလေးမြို့နယ်တွင် ဓာတ်ဆီ တစ်ဂါလန်လျှင် အနည်းဆုံး ငွေကျပ် ၃၀၀၀၀ မှ ငွေကျပ် ၄၀၀၀၀ အထိ စျေးတင်ရောင်းချနေပြီး မှောင်ခိုစျေးကွက်တွင်ပင် ဓာတ်ဆီမှာ လိုသလောက် မရနိုင်သည့်အခြေအနေဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်၊ ကရင်နီ ပြည်နယ်၊ ရှမ်းမြောက်ဒေသ အပါအဝင် တော်လှန်ရေးတပ်များ စိုးမိုးထားသော နယ်မြေများသို့ စက်သုံးဆီများ မရောက်ရှိစေရန် ဆီ တင်ပို့ခွင့်နှင့် လမ်းကြောင်းများအားလုံးကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ ကလေးမြို့တွင် ပြည်သူများက ဓာတ်ဆီ ရရှိရန် ကြိတ်ကြိတ်တိုးဝယ်ယူနေရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article