28 C
Yangon

ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာရှိ စစ်တပ် ဂိတ်နှင့် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ဆင်လူးရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်နှင့် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာ ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ် နှင့် အထိုင် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး နှင့် ပျုစောထီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား အများ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူ့စစ် အဖွဲ့ဝင်ထားတဲ့ ရွာဒေသက ပြည်သူများ အမြန်ဆုံး လာရောက် ပူးပေါင်း ပါဝင်နိုင်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ မပြုလုပ်ဖို့အတွက်ပဲ ပြောချင်တယ်” ဟု မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းနှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်း လက်ရုန်းတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ဂိတ်စခန်းများ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်များနှင့် ဝေးဝေးနေထိုင်၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် လာရောက် ပူးပေါင်း ပါဝင်​နိုင်ကြောင်း မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article