ရန်ကုန်၊ နိုဝင်ဘာ ၂၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုပ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ကိုင်းတောစုကျေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက်အလုပ်လုပ်နေပြီး တပ်သားသစ်များ စုဆောင်းနေသူ မောင်မောင်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မောင်မောင်သန်းကို သာယာဝတီခရိုင် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ Yoma (GBK) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဆက်သွယ်ထားသော ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
သေဆုံးသူ မောင်မောင်သန်းသည် ရပ်ရွာအတွင်း လူငယ်များကို အတင်းအဓမ္မစစ်သားအဖြစ် စု ဆောင်းရာတွင် ပူးပေါင်းပါဝင်ခြင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုကို လိုက်လံစုံစမ်းကာ ဝိုင်းရဲစခန်းကို သတင်းပေးပို့ခြင်း၊ PDF နှင့်အဆက်အသွယ်ရှိသော ထောက်ပို့ပြည် သူများအပေါ် ခြိမ်းခြောက်ခြင်း၊ တိုင်ကြားခြင်း တို့ လုပ်ဆောင်နေသဖြင့် ရှင်းလင်းခဲ့လိုက်ခြင်းဖြစ် ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကပဖ မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
ထိုသို့လုပ်ဆောင်နေမှုများကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံ ပြည်သူများ က သတင်းပေးပို့တိုင်ကြာခြင်းနှင့် တပ်ဖွဲ့ဝင်ရဲဘော်များ၏ စုံစမ်းဖော်ထုတ်ချက်အရ အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခပေးနေသော ဒေါက်တိုင်များကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – ပစ်ခတ်မှုကြောင့် သေဆုံးသွားသော စစ်တပ်ဘက်တော်သားတစ်ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar