“စစ်ကောင်စီက ICC ကို အသိအမှတ်မပြုဘူးလို့ ဆိုထားတော့ ဖမ်း၀ရမ်းက ၁ လ၊ ၂ လအတွင်း ထွက်လာနိုင်တယ်။ ဖမ်း၀ရမ်းထွက်လာရင် အာဏာကို ဆက်ကိုင်ထားဖို့ လည်းခက်မှာပဲ။ အမှု မရင်ဆိုင်ဘူးဆိုရင် တစ်သက်လုံး ၀ရမ်းပြေးဘ၀ဖြစ်မှာပေါ့။ ဖမ်း၀ရမ်းထွက်လာရင်တော့ ဘယ်နိုင်ငံမှ မသွားရဲတော့ဘဲအခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်။ ၀ရမ်းပြေးကို ခေါင်းဆောင်အဖြစ် ဆက်ထားဖို့လည်းခက်မှာပဲ”
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့် မင်းအောင်လှိုင်အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်၍ Free Rohingya Coalition ရဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။