တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် တရုတ်အစိုးရမြန်မာ့နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုရပ်တန့်ရန် ဆန္ဒပြတောင်းဆို
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးပြည်ပထောက်ပို့အဖွဲ့က ဦးဆောင်ပြီး တရုတ်အစိုးရ မြန်မာ့နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် တရုတ်အစိုးရ “စစ်ကောင်စီကို အားပေးတာ ချက်ချင်းရပ်”၊ “တရုတ်အစိုးရ စစ်ကောင်စီကို လက်နက်ရောင်းချတာ ချက်ချင်းရပ်”၊ “တရုတ်အစိုးရ မြန်မာ့အရေးမှာ ကြားဝင် စွက်ဖက်တာ ချက်ချင်းရပ်”၊ “တရုတ်အစိုးရ မြန်မာလူထုသဘောထားကို လေးစားပါ”၊ “တရုတ်အစိုးရ မြန်မာ့အိမ်နီးချင်းကောင်းပီသပါ” ၊ “တရုတ်အစိုးရ ဘန်ဒေါင်းမှု ၅ ချက်ကို လိုက်နာပါ”၊ “မြန်မာစစ်အာဏာရှင်ကို အားပေးနေတဲ့ တရုတ်အစိုးရကို ရှုတ်ချတယ်” စသောကြွေးကြော်သံများကြွေးကြော်ကာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။