24 C
Yangon

အော်ရီဒူးမြန်မာ အရောင်းဌာနမှ နိုင်ငံခြားသား ၂ ဦးက မြန်မာဝန်ထမ်းများ အပေါ် မတရားဖိနှပ် ခိုင်းစေမှုများကို တိုင်ကြားသော်လည်း ကုမ္ပဏီက ဖြေရှင်းပေးခြင်းမရှိ၍ ILO ထံ တိုင်ကြားမည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

အော်ရီဒူးမြန်မာ အရောင်းဖြန့်ချိရေးဌာနမှ မြန်မာဝန်ထမ်းများကို အရောင်းဌာန၏ အကြီးအကဲ နိုင်ငံခြားသား ၂ ဦးက ဆဲဆိုကြိမ်းမောင်းခြင်း၊ နယ်မြေမလုံခြုံသည့် နေရာများကို အတင်းစေလွှတ်၍ ဈေးကွက်ရှာခိုင်းခြင်း အပါအဝင် မတရားဖိနှိပ် ခိုင်းစေမှုများကို ဝန်ထမ်းများက တိုင်ကြားသော်လည်း ကုမ္ပဏီက ဖြေရှင်းပေးခြင်းမရှိ၍ ILO ထံ တိုင်ကြားမည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Ooredoo အရောင်းဌာန၏ အကြီးအကဲဖြစ်သည့် Mr Shouvik Ray နှင့် Mr. Vinay တို့သည့် မြန်မာဝန်ထမ်းများအပေါ်တွင် မီတင်များ၌ ဆဲဆိုကြိမ်းမောင်းခြင်း၊ ၎င်းတို့ ခိုင်းစေသည့် အတိုင်း ဆောင်ရွက်ပေးခြင်းမရှိပါက အလုပ်မှ ထွက်ခိုင်းခြင်း၊ အရောင်းဝန်ထမ်းများအပေါ်တွင် ဘက်လိုက်စွာ ဆက်ဆံအုပ်ချုပ်ခြင်း၊ ဝန်ထမ်းများ၏ ပြောဆိုဖြေရှင်းချက်များကို နားလည် စဉ်းစားပေးမှုမရှိခြင်း၊ ဝန်ထမ်းလုံခြုံရေးကို အလေးမထားဘဲ နယ်မြေမငြိမ်သက်သည့် နေရာဒေသများသို့ သွားရောက်၍ ဈေးကွက်ရှာခိုင်းခြင်း၊ ဈေးကွက်အတွင်း မဖြစ်နိုင်သည့် Target များချပေးကာ မတရားခြိမ်းခြောက်ခိုင်းစေခြင်းများ လုပ်ဆောင်နေသည့်အပြင် Target အကြောင်းပြ၍ ဝန်ထမ်းများကို အလုပ်မှ ထွက်ခိုင်းခြင်းများ စသည်တို့ ကျူးလွန်နေကြောင်း သိရှိရသည်။

ထို့ပြင် ကိုယ်စားလှယ်များ ရရှိမည့် အကျိုးခံစားခွင့်များလည်း မရရှိသည့်အခါတွင်လည်း သက်ဆိုင်ရာ အရောင်းဝန်ထမ်းများကသာ တာဝန်ယူ တာဝန်ခံ၍ ဖြေရှင်းပေးနေရပြီး ဝန်ထမ်းများ တာဝန်ယူဖြေရှင်းပေးရသည့် ပမာဏများလာသည့်အခါတွင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ရသည့် အဖြစ်များလည်း ကြုံတွေ့နေရကြောင်း Ooredoo မြန်မာမှ အရောင်းဝန်ထမ်များက ပြောဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အထက်လူကြီးများသို့ တိုင်ကြားခြင်းများ လုပ်ဆောင်သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ အခြေအနေမှာ ပို၍ ဆိုးလာကြောင်း၊ ဝန်ထမ်းများမှာ အလုပ်အကိုင်ဆုံးရှုံးမည်ကို စိုးရိမ်၍ နည်းမျိုးစုံဖြင့် ကြိုးစားလုပ်ဆောင်နေကြရကြောင်း သိရှိရသည်။

လက်ရှိတွင် Ooredoo မှ အရောင်းဝန်ထမ်းများက မတရားဖိနှိပ်ခိုင်းစေနေသည့် အိန္ဒိယနိုင်ငံသားများ ဖြစ်သည့် Mr Shouvik Ray နှင့် Mr. Vinay တို့ကို အရေးယူပေးရန်၊ မတရားဖိနှိပ်မှုကို မျက်ကွယ်ပြုထားကာ ဖြေရှင်းပေးခြင်းမရှိသည့် အထက်အရာရှိများနှင့် နိုင်ငံခြားသားများကို အရေးယူပေးရန်၊ သင့်တော်သည့် အရောင်း Target များကို ချမှတ်ပေးရန် ထပ်မံ၍ ကုမ္ပဏီ၏ အကြီးအကဲများကို တောင်းဆိုထားကြောင်း Ooredoo မြန်မာမှ အရောင်းဝန်ထမ်များက ပြောကြားသည်။

တောင်းဆိုချက်များကို အချိန်မီ ဆောင်ရွက်ပေးခြင်းမရှိပါက ဝန်ထမ်းများက မြန်မာနိုင်ငံအလုပ်သမားရေးရာဌာနအပြင် နိုင်ငံခြားသားများနှင့် သက်ဆိုင်နေ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO သို့သာ သက်သေအထောက်အထားများနှင့် အတူတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article