ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ဝင်လျှပ်စီးစစ်ကြောင်းက ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့အနီး စစ်တောင်းမြစ် အနောက်ဘက်ကမ်း ရှိ ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို လှည့်ကင်းထွက်ရန် အင်အား ၁၂ ဦးခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အပြန်လမ်းတွင် RTC စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျွန်းတောကုန်းကျေးရွာဘက်သို့ ကားဖြင့် ပြန်လည် တင်ဆောင်သွားကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရဲဘော်သမန်းကျား ဦးဆောင်သော RTC စစ်ကြောင်းက လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီး နေထိုင်ခြင်းနှင့် အသွားအလာ မပြုလုပ်ကြရန် တောင်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar