20 C
Yangon

အောင်လံမြို့တွင် ကျောက်ပန်းတောင်း တိုက်နယ်ရဲစခန်းမှူး မျိုးဝင်း လိုက်ပါလာသော အိမ်စီးကား ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

Must read

အောင်လံမြို့တွင် ကျောက်ပန်းတောင်း တိုက်နယ်ရဲစခန်းမှူး မျိုးဝင်း လိုက်ပါလာသော အိမ်စီးကား ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မကွေးတိုင်း၊ အောင်လံမြို့တွင် ကျောက်ပန်းတောင်း တိုက်နယ်စခန်းမှူး မျိုးဝင်း လိုက်ပါလာသော အိမ်စီးကား ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ပင်ဝိုင်း ကျေးရွာမှ ကျောက်ပန်းတောင်း ရဲစခန်းကို ပြန်လာသည့် ကျောက်ပန်းတောင်း တိုက်နယ် ရဲစခန်းမှူး မျိူးဝင်း ၊ ၎င်း၏ ဇနီးနှင့် ရဲတပ်သား ၁ ဦး လိုက်ပါလာသော အိမ်စီးကားကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုသည် ညောင်ပင်ဝိုင်းရွာမြောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် ကား ကို ဆက်တိုက် မောင်းနှင်သွားကြောင်း၊ ကားပေါ်တွင် လိုက်ပါလာသူများ ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

“ကျောက်ပန်းတောင်း တိုက်နယ်ရဲစခန်းမှူး မျိုးဝင်း လိုက်ပါလာသော အိမ်စီးကား ပစ်ခံရတာလို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်လည်းဆိုတာတော့မသိရဘူး။ ထိခိုက်မှုကတော့ ရှိနိုင်တယ်။ ကားကတော့ အပြင်းကို မောင်းသွားတာ မျက်မြင်တွေ့ခဲ့တဲ့ လူတွေပြောပြတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ညောင်ပင်ဝိုင်းရွာလမ်းခွဲ ဇရပ်တွင် စစ်သားနှင့်ရဲများက လာရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း စခန်းမှူး မျိူးဝင်းနှင့် ၎င်း၏ ဇနီးတို့ကို ရဲစခန်းတွင် လက်ရှိချိန်ထိ မတွေ့ရှိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article