19.8 C
Yangon

သုံးဆယ်မြို့၊ ထူပါရုံဘုရားပွဲတွင် စစ်တပ်က အသက် ၁၅ နှစ်အရွယ် ကလေးများကိုပါ ပေါ်တာဆွဲ ဖမ်းဆီး၊ အုတ်ဖိုတွင်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသူများကို လိုက်လံ ပစ်ခတ်ရာမှ ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ထူပါရုံဘုရားပွဲတွင် အကြမ်းဖက် စစ်တပ်က အသက် ၁၅ နှစ်အရွယ် ကလေးများကိုပါ စစ်မှုထမ်းတပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး မိသားစုဝင်များက ငွေဖြင့် ပြန်ရွေးထုတ်ရန်ကြိုးစားသော်လည်း မရကြောင်း ဖမ်းဆီးခံရသော ကလေးများ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့မှ စ၍ သုံးဆယ်မြို့တွင် ထူပါရုံဘုရားပွဲတွင် ကျင်းပပြုလုပ်နေရာ အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ အသက် ၁၅ နှစ်အရွယ် ကလေးများပါ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ပေါ်တာဆွဲ ဖမ်းဆီးခံရသော ပြည်သူများ၏ မိသားစုဝင်များက သုံးဆယ်မြို့ ရဲစခန်းကို သွားရောက်၍ ဖမ်းဆီးခံကလေးများကို ငွေဖြင့် ရွေးထုတ်သော်လည်း စခန်းတွင်မရှိကြောင်းသာ ငြင်းဆိုပြီး ဖမ်းဆီးခံကလေးများနှင့် ပေးမတွေ့ဘဲ မိသားစုဝင်များကို ပြန်လွှတ်နေကြောင်း သိရှိရသည်။

“ထူပါရုံ ဘုရားပွဲလုပ်နေတာ ၃ ရက်လောက်ရှိပြီး ဘုရားပွဲ မလုပ်ဖြစ်တာ ၅ နှစ်လောက်ရှိပြီ ဒီနှစ်မှ ပြန်လုပ်တာ စစ်ခွေးတွေက ညတိုင်းကို ပေါ်တာဆွဲနေတာ အခုဆိုဘုရားပွဲလာသူတောင် မရှိတော့ဘူး။ ၉ ရက်နေ့တည်းက ကျင်းပနေတာ အခုဆို စစ်ခွေးတွေက ဘုရားပွဲလာသူတွေကိုပါ ပေါ်တာဆွဲနေတော့ အကုန်ကြောက်နေတယ်။ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်တွေပါ မချန်ဘူး လူကောင်ထွားရင် ပေါ်တာဆွဲတာပဲ ညကဘုရားပွဲမှာ ပေါ်တာဆွဲခံရတဲ့ ၁၅ နှစ်ကောင်လေးက အရှေ့လက်ပံ ခုန်ရပ်ကွက်မှာနေတာ မိသားစုဝင်တွေက သုံးဆယ်ရဲစခန်းကို လိုက်ပြီး ငွေနဲ့ ရွေးထုတ်ဖို့လုပ်တာကို စခန်းမှာမရှိဘူးဆိုပြီး ငြင်းပြီး ပြန်လွှတ်လိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ သုံးဆယ်မြို့ အရှေ့လက်ပံခုန်း ရပ်ကွက်၊ သခွပ်ကုန်းရပ်ကွက်နှင့် သဃန်းကုန်းရပ်ကွက်မျးတွင် နေ့ညမပြတ် အကြမ်းဖက် စစ်တပ် ၊ ရဲ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ သိန်းလွင်တို့ ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ သခွပ်ကုန်းနှင့် သဃန်းကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး သိန်းလွင် ဆိုသူသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ရပ်ကွက်ရှိ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဒုကွပေးနေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ကျောင်းစုရွာကို ၂ ရက်ဆက်တိုက် ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်း ထွက်ပြေးသည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“ဒီဇင်ဘာလ ၉ ရက်နေ့ညက ပေါ်တာဆွဲလို့ ထွက်ပြေးတဲ့ လူငယ်တွေကို သေနတ်နဲ့ လိုက်ပစ်လို့ ၁ ဦး လက်ကို ကျည်ထိမှန်ခဲ့တယ်။ လူကတော့ လွတ်သွားတယ်။ ကျောင်းစုကျေးရွာ အုပ်စု အုပ်ကြီး နိုင်ဦး ဦးဆောင်ပြီး ပေါ်တာဆွဲနေတာလို့ သိရတယ်။ အုပ်ကြီး နိုင်ဦး စစ်ခွေးတွေ ပေးထားတဲ့သေနတ်နဲ့ ရွာမှာ ပြည်သူတွေကို ခြိမ်းခြောက်တာ စစ်တပ်ခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေလုပ်နေတာ လူငယ်တွေပဲ ပေါ်တာဆွဲလို့ ဘယ်သူမှ အိမ်မှာ မနေရဲလို့ တိမ်းရှောင်ကြရတယ်။ လူကြီးတွေကိုပဲ ပေါ်တာဆွဲနေရတော့ အသက် ၆၀ ကျော်တွေတောင်ပါသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – သုံးဆယ်မြို့ ၊ ထူပါရုံဘုရားပွဲ မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သုံးဆယ်မြို့ ၊ ထူပါရုံဘုရားပွဲ မြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article