ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေပါ လုံခြုံရေးယူထားတဲ့ မန္တလေးမြို့မှာ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြန်ပြီး ငွေကျပ် သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်တွေ ပါသွားပြန်တယ်လို့ မန္တလေး သတင်းရင်းမြစ်က ပြောထားသလို ၊ ရဲသတင်းရင်းမြစ်က လည်း ရန်ကုန်ခေတ်သစ်ကိုပြောထားပါတယ်။
- ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ၂ ဖက်စစ်ရေးတင်းမာမှုတွေကြာင့် မြို့သိမ်းတိုက်ပွဲတွေပါ တစ်ပါတည်း ဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ PDF တပ်ဖွဲ့တွေက အသိပေးထားပါတယ်။
- ပဲခူးတိုင်း အုတ်ဖိုမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တိမ်မြိုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တပ်ရင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးသွားတဲ့ စစ်သား ၇ ဦးကို အခုအထိ ပြန်လည်ဖမ်းဆီးနိုင် တာမျိုးမရှိတဲ့အတွက် စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းမှုးက ခမရ ၆ မှာရှိတဲ့ အရာရှိတွေကို ဆဲဆိုနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar