25 C
Yangon

လွိုင်ကော်ရှိ စစ်ဘေးရှောင် ဆင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကလေး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး၊ ဒီးမော့ဆိုကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဆင်စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က လွိုင်ကော်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဆင်စခန်းကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အသက် ၈ နှစ် အရွယ် ကလေး ဗိုက်ထိ အူထွက်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း၊ အခြား ပြည်သူ ၁ ဦး မှာလည်းခြေပြတ်ဒဏ်ရာရရှိခဲ့ရာမှ သေဆုံးခဲ့ကြောင်း၊ ကျောင်းသူ ၁ ဦးမှာလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်နေရကြောင်း သိရှိရသည်။

“မနေ့က ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ၂ ကြိမ် လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ဆင်စခန်းလို့ခေါ်တဲ့ စစ်ရှောင်စခန်းကိုလာပြီးတော့ ဗုံးကျဲသွားတာဖြစ်ပါတယ်။ ” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့က သန်းခေါင်ယံအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်ထဲက နေရာတစ်ခုကို စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လူထိခိုက်တာတော့မရှိခဲ့ပါဘူး” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article