22 C
Yangon

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများက ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာကော်လံကို သွားရောက်တွေ့ဆုံပြီး ခမရ ၃၅၅ တပ်ရင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို သွားရောက် ကြည့်ရှု့

Must read

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများက ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာကော်လံကို သွားရောက်တွေ့ဆုံပြီး ခမရ ၃၅၅ တပ်ရင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို သွားရောက် ကြည့်ရှု့

ရန်ကုန်၊ ဇန်နဝါရီ ၂

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာကော်လံမှ တပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ကို စစ်ဆင်ရေးအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ ၃၅၅ တပ်ရင်း ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကိုလည်း လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကျေးဇူးတင်စကား၊ အားပေးစကားများပြောကြားကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article