31 C
Yangon

နွားထိုးကြီး၊ မျက်ရှုရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုးဝင်ရောက်၊ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူ ၁ ဦး ပစ်သတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို သယ်ယူခိုးထုတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မျက်ရှုရွာကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပြိုကျ ပျက်စီးသွားပြီး နွား ၆ ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇန်နဝါရီလ ၂ ရက်နေ့တွင် မျက်ရှုရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား အများအပြားဖြင့် ထပ်မံ ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ စိတ်ရောဂါ ခံစားနေရသော ပြည်သူ ၁ ဦးကို ပစ်သတ်၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက စိတ်ရောဂါခံစားနေရတဲ့ ပြည်သူတစ်ဦးကို ပစ်သတ်သွားပါတယ်။ စစ်ခွေးတွေက ၃၁ ရက်နေ့က သူတို့ အင်အား ၃၀ လောက်နဲ့ ရောက်လာတာ သူတို့လာတော့ ရွာထဲက လူမရှိတဲ့ အိမ်တွေကနေ ပစ္စည်တွေ ခိုးယူပြီး ကားနဲ့ ပြန်ထွက်မယ် အလုပ်မှာ PDF တွေရောက်လာပြီး ထိတွေ့မှု ဖြစ်ကုန်တာ အဲမှာ လေကြောင်းပစ်ကူခေါ်ပြီး ပြန်ဆုတ်သွားတာ မနေ့က အင်အား အများအပြားနဲ့ ထပ်ရောက်လာပြီး ရွာလုံးကျွတ်ကို မီးရှို့သွားတာ တိုက်ပွဲမှာ စစ်ခွေးတွေ အထိနာသွားလို့ ရွာကို လုပ်သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မျက်ရှုရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ဝက်လူးရွာကို ရောက်ရှိသွားပြီး ဝက်လူး အမှတ် ၂ ကားဂိတ်အနီးရှိ နေအိမ်များကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးပြီး ဝက်လူးရဲစခန်းထဲကို ဝင်ရောက်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article