21 C
Yangon

ကန်ပက်လက်မြို့မှ စွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ဆားတောင်တွင်လည်း စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်

Must read

ကန်ပက်လက်မြို့မှ စွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ဆားတောင်တွင်လည်း စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ စွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်ကြီး အပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် – ၅ တပ်ရင်း SAW People Defence Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကန်ပက်လက်မြို့မှ စခန်း စွန့်ခွာ ထွက်ပြေးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဂန့်ဂေါခရိုင် အမှတ် ၃ ၊ ၅ ၊ ၆ တပ်ရင်းနှင့် မ‌ကွေးတိုင်း Drone တပ်ဖွဲ့တို့မှ တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ၏ အကျိုးအားရှေးရှု့၍ တိုက်ပွဲဖြစ်စဉ် အခြေအနေများကို အချိန်နှင့် တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ဆက်တွဲ တိုက်ပွဲသတင်းများကိုလည်း ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် – ၅ တပ်ရင်း SAW People Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ စာသင်ကျောင်းအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ညောင်ငုတ်တိုပျူစောထီးရွာမှ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF LOCAL PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆားတောင်မြို့ စာသင်ကျောင်းအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ညောင်ငုတ်တိုပျူရွာမှ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို YOUNG WOLF P.D.Fအဖွဲ့နှင့် Fly For Justicအဖွဲ့ ဆားတောင်မြို့ပြပျောက်ကြားDSအဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article