24 C
Yangon

ပေါင်းတလည်မြို့တွင် လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လင်မယားတို့ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်တလည်မြို့နယ်တွင် စစ်တပ်အတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းနေသော အုပ်ချုပ်ရေးမှူး ၁ ဦး ၊ ရာအိမ်မှူး လင်မယားတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်၊ အုပ်ဆွဲအုပ်စု၊ရေကြည်ကုန်းရွာနေ ရာအိမ်မှူးချက်ဖောင်း(ခ)ဇော်မင်းဦးတို့ လင် မယားကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃က နေအိမ်တွင် သွားရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးကြောင်း၊ ၎င်းတို့ လင်မယား ၂ ဦးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ “ဘယ်PDFမှဂရုစိုက်စရာမလိုဘူး”ဟုကြွေးကြော်ခဲ့ကာ ပြည်သူများအပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်း၊ပေါင်းတလည်ရဲများနှင့်ပူး ပေါင်းပြီး လူငယ်လူရွယ်များရှိရာ အိမ်များသို့ငွေညှစ်တောင်းခံခြင်း၊ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို ထောက်ပို့/PDF အားပေးဟုဆိုကာ ပေါင်းတလည်ရဲစခန်းကို တိုင်ကြား ဖမ်းဆီးခိုင်းခြင်း၊ ငွေဖြင့် ပြန်ရွေးခိုင်းခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့ တိုင်ကြားမှုကြောင့် ပြည်သူ တချို့မှာ ရိုက်နှက်စစ်ခံရကာ ထောင်ကျသွားသူများလည်းရှိကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများကြောင့် ချက်ဖောင်းလင်မယားကို ပြတ်ပြတ်သားသား အရေးယူခြင်းဖြစ်ကြောင်း ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက က ရှင်းပြသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတလည်မြို့၊ ဗြူကုန်းအုပ်စု၊မြို့လှစံပြကျေးရွာ အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က နေအိမ်တွင်သွားရောက်၍ ပစ်ခတ်ရာ ဒဏ်ရာရရှိကြောင်း၊ လူနာတင်ယာဉ်ဖြင့် ပြည်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးကို အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့်မပူးပေါင်းရန် ဖုန်းဖြင့် ၃ ကြိမ်ထက်မနည်းသတိပေးခဲ့ကြောင်း၊ သို့ရာတွင် နုတ်ထွက်ခြင်းမပြုဘဲ စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းရန် လူရှာပေးခြင်း၊ ပေါ်တာဆွဲခြင်း၊ ကျေးရွာအတွင်းရှိ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ တစ်လလျှင် ငွေကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ ကောက်ခံခြင်းဖြင့် စစ်တပ်အတွက် ငွေရှာပေးနေသူဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ် ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကိုပြတ်သားသားအရေးယူနေပြီဖြစ်သောကြောင့် အချိန်မီနုတ်ထွက်ပြီး ပြည်သူနှင့်ပူပေါင်းရန် ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article