31 C
Yangon

စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ စလင်းမြို့ အနီး တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို အကြမ်းဖက် စစ်တပ်က ယာယီ ပိတ်ထားလိုက်ပြီး အရေးကြီး စာရွက်စာတန်းများကို မကွေးမြို့သို့ ပြောင်းရွှေ့သယ်ယူနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ စလင်း-‌ဆင်ဖြူကျွန်း ကားလမ်းပိုင်း၌ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခရီးသွား ပြည်သူများကို သွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီးသွားရောက်၍ လမ်းပိုင်း အသုံးပြုနေသော ပြည်သူများကို စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေသော စလင်း ပကဖ တော်လှန်ရေး ရဲဘော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရဿည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ်က စလင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအားလုံးကို ၁ ပတ် ပိတ်လိုက်ပြီး ရုံးအတွင်းရှိ အရေးကြီး စာရွက် စာတမ်းများကို မကွေးမြို့သို့ ရွှေ့ ပြောင်းလိုက် ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် လက်ရှိချိန်တွင် Non CDM ဝန်ထမ်းများလည်း တိုက်ပွဲများ ဖြစ်ပွားလျှင် ထွက်ပြေးရန် အသင့်ပြင်ဆင်နေပြီး စလင်းမြို့နယ် ပကဖကလည်း ပြည်သူများအနေဖြင့် စစ်ရေး လုံခြုံ‌ရေးအရ အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေညာချက်များကို စောင့်ကြည့်လိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။

“စလင်းမြို့မှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးတွေ အရေးကြီးစာရွက်စာတန်းတွေကို မကွေးမြို့ကိုပြောင်းရွေ့နေပြီ‌ေ Non CDM ဝန်ထမ်းတွေပြေးဖို့ ပြင်နေကြတယ်လို့သတင်းသိရတယ်။ ဌာနဆိုင်ရာရုံးအားလုံး ၁ ပတ်ပိတ်သိမ်းထားတယ်” ဟု ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article