25 C
Yangon

ကျောက်ကြီးမြို့နယ်တွင် ခလရ ၂၈၈ မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်များနှင့်တကွ အလင်းဝင်မှု ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခလရ ၂၈၈ မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်များနှင့်တကွ အလင်း ဝင်လာသဖြင့် ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ K.N.L.A တပ်ရင်း ၉ ထံသို့ ခလရ−၂၈၈ မှ မဖြစ်မနေစစ်မှုမထမ်းမနေရ အမိန့်အရ စစ်မှုထမ်းခေါ်ထားသော တပ်သား ၂ ဦးမှာ စစ်မှုထမ်းသက် ၁ လခန့်အကြာတွင်ပင် လက်နက်ဖြင့် အလင်းဝင်လာခဲ့ကြောင်း၊ အလင်း ဝင်လာသော သူများမှာ စစ်မှုထမ်း သင်တန်းဆင်း အသက် ၂၅ နှစ်အရွယ် တပ်သား ကျော်မင်းဦးက MA-1 လက်နက်ဖြင့်လည်းကောင်း၊ စစ်မှုထမ်း သင်တန်းဆင်း အသက် ၂၄ နှစ်အရွယ် တပ်သား မင်းမင်းဇော် က MA-3 လက်နက်ဖြင့် လည်း ကောင်း အလင်းဝင်လာကြောင်း သိရှိရသည်။

ယင်းကဲ့သို့ လက်နက်ချအလင်းဝင်လာသူ ၂ ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ က ကြိုဆိုခဲ့ပြီး ၁ ဦးလျှင် ဆုကြေးငွေ ၁၀ သိန်းခန့် ချီးမြင့်ခဲ့ကြောင်း သိရှီရသည်။

လက်ရှိအချိန်တွင် စစ်တပ်က ပြည်သူလူထုကို နည်းလမ်းမျိုးဆုံဖြင့် အတင်း အဓမ္မ စစ်သားစုဆောင်းလျက်ရှိပြီး စစ်သင်တန်း ၃ လခန့်သာ တက်ရောက် ထားရသော ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပါဝင်လာသော တပ်သားသစ်များအား ရှေ့တန်းနယ်မြေ များသို့ စေလွှတ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ အတင်းအဓမ္မစုဆောင်းခံရသော တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ထံသို့ လက်နက်ချ အလင်းဝင်ရန် KNU က တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article