26 C
Yangon

စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အဖမ်းခံ

Must read

ရန်ကုန်| ဇန်နဝါရီ ၁၅

တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တောင်ကိုရီးယား အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ပတ်သက်ပြီး သမ္မတ ကို နိုင်ငံတော် ပုန်ကန်မှု စွပ်စွဲချက်ဖြင့် တောင်ကိုရီးယားအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စွပ်စွဲပြစ်တင်ခံရသူ သမ္မတကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ ကျော်က ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယွန်ဆတ်ယိုးကို စောင့်ရှောက်ပေးနေသော တပ်ဖွဲ့ငယ်နှင့် သွေးထွက်သံယိုမဖြစ်စေရန် သမ္မတက ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့သည်။

“ဒီနေ့ လုံခြုံရေး ဧရိယာထဲကို မီးသတ်ကားတွေသုံးပြီး ဖောက်ထွင်းဝင်ရောက်လာတာကို တွေ့လိုက်ရတော့ CIO ရဲ့ စုံစမ်းစစ်ဆေးမှုဟာ တရားမဝင်တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယို မဖြစ်ရအောင် အဖမ်းခံဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဟု တောင်ကိုရီးယာသမ္မတက ကြေညာချက် ထုတ်ပြန်ပြောဆိုထားသည်။

သံဆူးကြိုးအတားအဆီးများနှင့် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ငယ်၏ နောက်တွင် ရက်သတ္တပတ်ချီ အိမ်တွင်းအောင်းနေသော သမ္မတ နေထိုင်ရာ တောင်စောင်းစံအိမ် ဂိတ်တံခါးမှ မော်တော်ယာဉ်တန်းတစ်ခု လုံခြုံရေး အပြည့်ဖြင့် ထွက်ခွာလာသည်ကို မြင်တွေ့ရသည်။

တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေး ရုံးက တောင်ကိုရီးယား သမ္မတကို စုံစမ်းစစ်ဆေးရန် တရားရုံးထံမှ ဖမ်း၀ရမ်းတောင်းခံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article