ရန်ကုန်၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တပေါင်းပျူစေထီးရွာမှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Young Revolution Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် တပေါင်းပျူရွာမှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သား ၁၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၃ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“တပေါင်းပျူစောထီးရွာကနေ ကင်းပတ် ထွက်လာတဲ့ စစ်ခွေး ၁၁ ကောင်ပါတဲ့ အုပ်စုကို ကျနော်တို့ သတင်းကြိုတင်ရလို့ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင်ငတော့ နေရာမှာတင် သေဆုံးသွားတယ်လို့ အတွင်း သတင်း ရရှိထားပါတယ်။ ကျနော်တို့ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Young Revolution Front မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Young Revolution Front ၊ တပ်ရင်း ၁၁ ၊ ပေါက်တောင်ပိုင်း ပကဖ နှင့် နားပေါက်တပ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – Young Revolution Front မှ တော်လှန်ရေးရဲဘော်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar