31 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Yae Nagar People Defend Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော စစ်ကား ၅၀ ကျော်ပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို Yae Nagar People Defend Force မှ ရဲဘော်များက ချောင်းဦး နှင့် နတ်ရေကန် အကြားတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ၇ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိသော်လည်း နောက်တွင် ကျန်ရစ်နေသော စစ်ကားများ ထပ်မံ ရောက်ရှိလာသော ကြောင့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ခန့်မှန်း စစ်ခွေး ကား အစီး ၅၀ ကျော်ကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ တိုက်ခိုက်ခဲ့တာပါ။ ၇ စီး မြောက် စစ်ခွေးကားကို လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ စစ်ခွေးကားကတော့ နေရာမှာပဲ ရပ်တန့်သွားတယ်။ နောက်ကျန် စစ်ခွေးကားတွေ ထပ်ရောက်လာတာနဲ့ စစ်ခွေးဘက်က သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိခဲ့ဘူး။ ရဲဘော်တွေ အထိအခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Yae Nagar People Defend Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၆ မိနစ်ခန့်ကလည်း မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော စစ်ကား ၃ စီးသည် ပြည်သူများကို ပေါ်တာဆွဲပြီး ကားပေါ် တင်ဆောင်လာသောကြောင့် ချောင်းဦး နှင့် နတ်ရေကန် အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မည်

ကို စိုးရိမ်၍ ကားကို ထိမှန်ခြင်းမရှိအောင် ခြောက်လှန့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ သွားရာနေရာများတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ အကြိမ်ကြိမ် ပြုလုပ်နေ၍ ပြည်သူများ သတိပြု ခရီးသွားလာကြရန် Yae Nagar People Defend Force မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article