28 C
Yangon

AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ဟု Fortify Right က ထုတ်ပြန်စွပ်စွဲလိုက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် တောင်းဆို၊ AA က တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့သည်ဟု Fortify Right အဖွဲ့ က ထုတ်ပြန်စွပ်စွဲလိုက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် အဆိုပါ အဖွဲ့က တောင်းဆိုသည်။

ရက္ခိုင့်တပ်တော် AA မှ စစ်သားများ နှင့် အရပ်ဝတ်များက ဖမ်းဆီးခံထားရသူ ၂ ဦးကို ညှင်းပန်းနှိပ်စက်သည့် ဗီဒီယိုဖိုင်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ အလားတူ ဖြစ်ရပ်ကို မတူညီသည့် ကင်မရာနှင့် ရိုက်ကူးထားသည် ဗီဒီယိုဖိုင်သည်လည်း ဇန်နဝါရီလ ၉ ရက်နေ့တွင် Fortify Rights က လက်ခံရရှိခဲ့ကြောင်း၊ အဆိုပါ မှတ်တမ်း ဗီဒီယို ၂ ခုကို စစ်ဆေးကြည့်ရာတွင် စစ်မှန်မှုရှိသည်ဟု ယုံကြည်ကြောင်းလည်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အသတ်ခံရသူ ၂ ဦးသည် အကြမ်းဖက်စစ်ကောင်စီဝင်များ ဖြစ်နိုင်ခြေရှိသော်လည်း ၎င်းတို့နှင့် ဆက်နွှယ်သည်ကို အတိအကျ ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း Fortify Rights က ဝန်ခံထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ကျူးလွန်ခဲ့သည့် ကွပ်မျက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်မှု ပုံစံများ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် တရားစွဲဆိုနိုင်ရန် မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၏ သက်သေအထားများကို မူလအတိုင်း စနစ်တကျထိန်းသိမ်းထားရန်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန် AA နှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်သော အဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း Fortify Rights မှ တာဝန်ရှိသူထံမှ သိရှိရသည်။

ICC အနေဖြင့် NUG အစိုးရပေးအပ်ထားသည့် အခွင့်အာဏာကို အသုံးပြု၍ AA ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်ကြောင်း၊ ICC အနေနှင့် ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက ICC အဖွဲ့ဝင်နိုင်ငံများသည် အဆိုပါ ပြစ်မှုများကို ရောမစာချုပ်၏ အပိုဒ် ၁၄ အရ အစိုးရရှေ့နေ့ချုပ်ထံ တိုက်ရိုက် လွှဲပြောင်းသင့်ကြောင်းလည်း Fortify Rights ကဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသော် လည်း လတ်တလော တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article