27 C
Yangon

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတထရမ့် အမိန့်ဖြင့် ရပ်ဆိုင်း ၊ အီလွန်မက်ဦးဆောင်သော Department of Government Efficiency က ပညာသင်ဆုရပ်ဆိုင်းရေး အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတ ထရမ့်အမိန့်ဖြင့် အမေရိကန်အစိုးရက ရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

ယခင် သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် မတူကွဲပြားမှု၊ သာတူညီမျှပါဝင်ခွင့်နှင့် လက်လှမ်းမီပိုင်ခွင့်မူဝါဒများအရ (Diversity, Inclusion, Equity and Accessibility) မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်းတန် “မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသည့် ပညာသင်ဆုအစီအစဥ်”ကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခု သမ္မတထရမ့်က ယင်းပညာသင်ဆုများအားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ပညာသင်ဆုအစီအစဉ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်မှ စတင်ပေးအပ်ခဲ့သော ပညာသင်ဆုများလည်းဖြစ်ကြောင်း၊ အဆိုပါပညာသင်ဆုများကို USAID နှင့် ရန်ကုန်ရှိ အမေရိကန်သံရုံးတို့က ကြီးကြပ်စီစဉ်ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါပညာသင်ဆုကို ရပ်ဆိုင်းရာတွင် အီလွန်မက် ဦးဆောင်သော Department of Government Efficiency က အဓိက ဦးဆောင်စာရင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ကတည်းက မြန်မာကျောင်းသားများအတွက် ပေးအပ်ထားသော အမေရိကန်ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ ပညာသင်ဆုများကို ရပ်ဆိုင်းရန် ဦးစားပေးအဖြစ် Department of Government Efficiencyက တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article