23 C
Yangon

ရန်ကုန်မြို့နေရာအနှံ့တွင် စစ်အာဏာသိမ်း ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်

Must read

ရန်ကုန်မြို့နေရာအနှံ့တွင် စစ်အာဏာသိမ်း ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့အချက်အချာကျသည့် နေရာများတွင် Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်၏ ” လဲကျလဲ ပြန်ထ ” အဓိပ္ပာယ်ဖြင့် အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံဖြင့်တိုက်ပွဲ၀င်နေကြသော ရဲဘော်ရဲဖက်များကို ဂုဏ်ပြုသော အားဖြင့် ပစ်တိုင်းထောင်သပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများကလည်း “အထွေထွေဖိနှိပ်မှုကို အံတုကြ၊ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသား ဓာတ်ပုံကမ်ပိန်းနှင့် မြို့လယ်ခေါင် ဘန်နာချိတ်ဆွဲခြင်းကို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article