ဘုတလင်မြို့နယ် တစ်နေရာတွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ဘုတလင်မြို့နယ် တစ်နေရာတွင် အကြမ်းဖက် အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်တွင် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်၍ ” အထွေထွေ ဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” ဘန်နာကိုင်စွဲကာ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ချီတက်သပိတ်ဆင်နွှဲခဲ့ကြပြီး၊ သပိတ်တရားဟောကြားခြင်း၊ ကဗျာရွတ်ခြင်း ၊ ကြွေးကြော်သံတိုင် ခြင်းများလည်းပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။


