ယင်းမာပင်မြို့နယ်တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ
စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အာဏာသိမ်းမှု ၄ နှစ် ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ”ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း”က ကျောင်းသားပြည်သူများနှင့်အတူ ”အထွေထွေ ဖိနှိပ်မှု့ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အမြစ်ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။