27 C
Yangon

ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာနှင့် စစ်ရှောင်စခန်းကုန်းကို စစ်တပ်နှင့် PNA က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာနှင့် စစ်ရှောင်စခန်းကုန်းကို အကြမ်းဖက် စစ်တပ်နှင့် PNA က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ ဘုရားတောင် လွယ်နွဲ့ ကျေးရွာကို အကြမ်းဖက် စစ်တပ် နှင့် PNA အဖွဲ့တို့က ဖယ်ခုံ အနောက်ခြမ်း သစ်ပင်ကောက်မှ နေ၍ လက် နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဘုရားတောင် လွယ်နွဲ့ရွာတွင်နေထိုင်သော အသက် ၇၄ နှစ်အရွယ် ဦးပြား ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၇ နှစ်အရွယ် မမေသူဆွေနှင့် အသက် ၄၈ နှစ်အရွယ် မမီးပုံ့ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် PNA က ထပ်မံပြီး ဘုရားတောင် စစ်ရှောင် စခန်းကုန်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ လွိုင်ကော်မြို့နယ် မုံပြာရွာမှ အသက် ၄၄ နှစ်အရွယ် စစ်ဘေးရှောင် ပြည်သူ ကိုဖိုးဝ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖယ်ခုံမြို့နယ်မှ အသက် ၅၇ နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူ ဦးကျော်လည်း ထိခိုက်ဒဏ်ရာရရှိပြီး အသက်စိုးရိမ်ရကာ ဒေါ်ငဲသီ ၊ ကျော်စွာဝင်း ၊ ကိုသားပု ၊ ကိုလွမ်းမိုး တို့ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article