လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ခေါင်းစဉ်နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြသည်။