35 C
Yangon

ပုဂံမြို့၊ မအူပင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး လူငယ် ၄ ဦး ကို စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး မအူပင်ကျေးရွာမှ လူငယ် ၄ ဦးကို စစ်မှုထမ်း စစ်သားအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်အစောပိုင်းက ညောင်ဦးမြို့နယ်၊ ပုဂံမြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ မအူပင်ရွာမှ လူငယ် ၄ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် မအူပင်ရွာမြောက်ဘက်ရှိ သဲချောင်းအတွင်း၌လည်း ကင်း ပုန်းဝပ်ကာ ထွက်ပြေးလာသည့်ပြည်သူများကို ဖမ်းဆီးနေကြောင်း သိရသည်။

“စက်သေနတ်ကြီးတွေနဲ့ရောပစ်တယ်၊ စစ်ကားအကြီး ၅ စီးနဲ့ စစ်ကြောင်းထိုးနေတာ။ မအူပင်ရွာထဲ က လူငယ် ၄ ဦးကို ဖမ်းဆီးသွားတယ်။ ရွာမြောက်ဘက်က သဲချောင်းထဲမှာ ကင်းပုန်းနဲ့တွေ့လို့ ရွာ သားတွေလည်း ထွက်ပြေးလို့မရဘူး။ ဟိုဘက် ဒီဘက်ပိတ်ထားတော့ ထွက်ပေးလို့မရဘူး” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

စစ်ကောင်စီက ပုဂံမြို့ပြဒေသ ပြင်ပရှိ ကျေးရွာများကို နယ်မြေရှင်းလင်းစစ်ကြောင်းထိုးမှုနှင့်အတူ စစ်သားစုဆောင်းမှုများကိုပါ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ဦးမြို့နယ်အတွင်းတွင် စစ်ကြောင်းထိုး၍ စစ်မှုထမ်း တပ်သားအဖြစ် လူငယ်များကို စုဆောင်းဖမ်းဆီးမှုများ လုပ်ဆောင်လာသည့်အပြင် မြို့ပေါ် ရပ်ကွက်များတွင်လည်း ဧည့်စာရင်းစစ်၍ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆိုင်ကယ်လိုင်စင် စစ်သည်ဟုဆိုကာ လူငယ်များကို ဖမ်းဆီးခြင်းများ တဟုန်ထိုး လုပ်ဆောင် စစ်သား စုဆောင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပုဂံတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပုဂံတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article