30 C
Yangon

မြန်မာ့အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင်၊ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အတူ ဖြေရှင်းရေး ဘရူနိုင်းဘုရင် ဝါဒိုလာ မူအစ်ဇာဒင် ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့အကြား ဆွေးနွေးကြကြောင်း မလေးရှားဝန်ကြီးချုပ်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ဘရူနိုင်းနိုင်ငံတွင် ၎င်းတို့ ၃ ဦး ယနေ့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် ၅ ချက် နှင့်အညီ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး သက်ဆိုင်သူအားလုံးက ဆက်ဆံဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်ရန် အားထုတ်သင့်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်လည်မှုများ အပါအဝင် တရားမဝင် ရာဇဝတ်လုပ်ငန်းများ ပေါ်ပေါက်လာခြင်းကြောင့် ပြဿနာများ ပိုမိုတိုးလာနေမှုကိုလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

မြန်မာ့အရေးကို အကောင်းဆုံးဖြေရှင်းနိုင်သည့် နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့ကြပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသော အပြန်အလှန် အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများကို အချိန်မီ အကြောင်းကြားနိုင်ရန် အကြံပြုသဘောတူ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အာဆီယံက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရေးထက် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း ထုတ်ပြန်ထားပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှုမရှိဘဲ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် ပြောဆိုနေခြင်းသည် အသိအမှတ်ပြုမှု မရသော အချည်းအနှီး ဆုံးရှုံးမှုသာ ဖြစ်လိမ့်မည်ဟု သတိပေးပြောဆိုထားသည်။

89 65 66 32 80 101 114 100 97 110 97 32 77 101 110 116 101 114 105 44 32 68 97 116 111 226 128 153 32 83 101 114 105 32 65 110 119 97 114 32 73 98 114 97 104 105 109 32 109 101 110 103 104 97 100 97 112 32 75 68 89 77 77 32 83 117 108 116 97 110 32 66 114 117 110 101 105 32 100 105 32 73 115 116 97 110 97 32 78 117 114 117 108 32 73 109 97 110 44 32 66 97 110 100 97 114 32 83 101 114 105 32 66 101 103 97 119 97 110 44 32 49 56 32 70 101 98 114 117 97 114 105 44 32 50 48 50 53 46 32 45 32 83 65 68 73 81 32 6

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article