ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာသို့ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ကနီမြိုနယ် တောင်ခြမ်း ချောင်းမ အရှေ့ရွာကို စစ်တပ်က စက်တပ် လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိကြောင်း၊ အဆိုပါ စက်တပ်လေထီးများသည် မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“နမခက နေတက်လာတဲ့စက်တပ်လေထီးတွေပါ။ စက်တပ် လေထီးတွေက ၁၂၀မမ ၄လုံး ချတာ။ ၄လုံးကို တစ်ခါချရင် ၂လုံးနဲ့ ၂ ကြိမ်ချသွားတာပါ။ သေဆုံးသူတွေကတော့ ကိုချစ်ဦး၊ဒေါ် မြတ်ဌေး၊ ကိုနေလင်းထွန်း၊ကိုဟန်သူကိုကိုနဲ့ ချောင်းမအနောက်ရွာ ကလေး ၁ ဦးသေဆုံးတယ်။ ပြည်သူ ၂၀ ဦးလည်း ကျည်စထိမှန်တာရှိတယ်” ဟု ချောင်းမ အရှေ့ရွာသားတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ကနီမြို့နယ်အတွင်း မုဌောရွာ၊ နတ်ကြီးရွာ၊ ထောက် ကြံ့ကုန်း၊ ဆူးလေကုန်း၊ နတ်လာပို့ရွာ၊ နွားခြံကုန်းရွာများကို လေကြောင်းတိုက် ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လတ်တလော လေ ကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀ ဦးခန့်အထိသေဆုံးခဲ့ပြီဖြစ် ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
