35 C
Yangon

ကရင်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၀

ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သဖြင့် တိုက်နယ်ပြည်သူ့ဆေးရုံနှင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU နှင့် AA တို့က သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်အချိန် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ဒရုန်းများမှာ ကျောက်ဖြူအခြေစိုက် အမှတ် ၁၈ တောင်မော်ကြီးရှိ စစ်တပ်စခန်းမှ ဖြစ်ပြီး တိုက်နယ်ဆေးရုံကို ဒရုန်း ၂ စီးဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arankan Princess Media၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စနဲတိုက်နယ် ပြည်သူ့ဆေးရုံကြီး၏ ခွဲစိတ်ခန်းအလယ်တည့်တည့်ကိုကျရောက်ပေါက်ကွဲပြီး ခွဲစိတ်ခန်းမှာ လုံး၀ ပြိုပျက်သွားကြောင်း၊ ကျန်ဗုံး ၁ လုံးမှာမူ ခွဲစိတ်ခန်းအပြင်ဘက်သို့ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ တိုက်နယ်ဆေးရုံမှာ ပိတ်ထားသည်မှာ ကြာမြင့်နေပြီး လူနေထိုင်မှုနှင့်ဆေးကုမှုများ မရှိတော့သည့် ဆေးရုံဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ KNU ထိန်းချုပ်ထားသော နယ်မြေများသို့ စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ဆောထိမြို့နယ်အတွင်းရှိ ထောလူခိုကျေးရွာသို့ စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲရာ အသက် ၄၀ နှစ်အရွယ် နောဧပရယ်ဝါး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလားတူ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန် စစ်တပ်က လေယာဉ်ဖြင့် ကျောက်ကြီးပေါက် ကျေးရွာအတွင်း ဗုံး ၃ လုံး ကျဲချခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၉ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်းသို့ ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ထင်းစင် ၁ စင်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article