34 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံတက်ရောက်ဖို့ ထိုင်းအစိုးရက ဖိတ်ကြားတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
  • ပဲခူးတိုင်း၊ ပြည်မြို့၊ အုန်းတောလမ်းမှာ ဗိုလ်မှူးအောင်မိုးသူ ရောက်ရှိနေတာကို PDF နဲ့ AA တပ်ဖွဲ့ဝင်တွေ ရောက်လာတယ်ဆိုပြီး သတင်းမှားပေးတာကြောင့် အချင်းချင်းမှားယွင်းပစ်ခတ်ပြီး ဗိုလ်မှူး အောင်မိုးသူ သေဆုံးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက ပြည်သူ့နေအိမ်တွေနဲ့ ပြည်သူ့ဆေးခန်းရှိရာကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲချခဲ့လို့ ကျဆုံးခဲ့ရတဲ့ CDM ဒေါက်တာ မြစိုးအောင်ကို CDM အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ကာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီကနေ ထုတ်ပြန်လိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article