28 C
Yangon

သင်္ကြန်အကျနေ့ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေ၊ ပြည်သူများထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ယနေ့ သင်္ကြန်အကျနေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအချိန်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ မုဌောရွာ၊ သမင်ခြံရွာများအပါအဝင် ကျေးရွာများကို ဦးတည်၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဒရုန်းများ၊ ဂျက်ဖိုက်တာများ၊ ပါရာမော်တာများ အသုံးပြု၍ နာရီဝက်အတွင်း လေကြောင်းပစ်ခတ်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ယာဉ်တွေက ပျံနေဆဲဗျ။ ဉပုသ်သည်တွေ ၊ ဘုန်းကြီးတွေ ၊ ဒုလ္လဘတွေပါ ပုန်းနေကြတယ်။ ပြည်သူကို ဦးတည်ပြီး တမင်လာတိုက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်အထိ ကနီမြို့နယ် ကောင်းကင်ယံတွင် ဒရုန်းများ၊ စက်တပ်လေထီးများနှင့် ကင်းထောက်လေယာဉ်များ ဆက်လက် ပျံဝဲနေပြီး သင်္ကြန်အကျနေ့ ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article